ပျိုမေလေးများစတိုင်ကျလှပပြီး လွယ်ကူရိုးရှင်း၍ချစ်စရာကောင်းသော ကြိုးတန်းသွယ်ကျစ်ဆံမြှီးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ညာဘက်ခြမ်းဘေးမှ ဆံပင်အနည်းငယ်ကို ယူပါမည်။
2.သုံးချောင်းထိုးကျစ်ပါ။
အနည်းငယ်ယူထားသောဆံပင်ကို သုံးချောင်းထိုးကျစ်ပါမည်။
3. ဆံပင်ကိုချန်ပါ။
သုံးချောင်းထိုးကျစ်နေရင်းမှဆံပင်အနည်းငယ်ဆီကို ချန်သွားပါမည်။
ဆံပင်ဆုံးသည်အထိသုံးချောင်းထိုးကျစ်ရင်း ဆံပင်ကိုချန်သွားပါမည်။
4.ဆံပင်အနည်းငယ်ယူပါ။
ညာဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုထပ်ယူပါမည်။
5.သုံးချောင်းထိုးကျစ်ပါ။
ညာဘက်ခြမ်းအရှေ့ဘက်မှယူထားသောဆံပင်နဲ့ ပထမသုံးချောင်းထိုးကျစ်ရင်း အနည်းငယ်ချန်ထားသော ဆံပင်တို့ကို တွဲ၍ သုံးချောင်းထိုးထပ်ကျစ်ပါမည်။
ဆံပင်ဆုံးသည်အထိတွဲ၍ ကျစ်သွားပါမည်။
6.ဆံပင်စည်းပါ။
သုံးချောင်းထိုးကျစ်ပြီးသောအဆုံးတွင်သားရေကွင်းဖြင့်စည်းပါမည်။
7. ပြီးပြည့်စုံသွားပါပြီ။