ပျိုမေများအားလုံးနဲ့လိုက်ဖက်မှုရှိစေပြီး ချစ်စရာကောင်း၍ လွယ်ကူရိုးရှင်းစွာ
ပြုလုပ်လို့ရနိုင်သော အသဲပုံဆံပင်စည်းနည်းလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဘေးတစ်ဖက်စီမှ ဆံပင်အနည်းငယ်စီကိုယူ၍ စည်းပါမည်။
2.အောက်မှဆံပင်ကိုယူပါ။
ဘယ်ဘက်အောက်မှ ဆံပင်အနည်းငယ်ထပ်ယူပါမည်။
3.ကြိုးချည်ပုံစံပြုလုပ်ပါ။
ဘယ်ဘက်အောက်မှ အနည်းငယ်ယူထားသော ဆံပင်ကိုစည်းထားသော ဆံပင်ထဲသို့ထည့် ပါမည်။
ဆံပင်ကို ကြိုးချည်ပုံစံပြုလုပ်ပါမည်။
4.ညာဘက်မှဆံပင် ကိုကြိုးချည်ပုံစံပြုလုပ်ပါ။
ညာဘက်ရှိဆံပင်ကို ဘယ်ဘက်ကဲ့သို့ကြိုးချည်ပုံစံ ပြုလုပ်ပါမည်။
5.အောက်မှဆံပင်အနည်းငယ်ထပ်ယူပါ။
ဘယ်ဘယ်နှင့်ညာဘက်အောက်မှ ဆံပင်အနည်းငယ်စီထပ်ယူပါမည်။
6.ဆံပင်အားလုံးကိုစုစည်းပါ။
ကြိုးချည်ပုံစံပြုလုပ်ထားသောဆံပင်နှင့် အောက်မှအနည်းငယ်ယူထားသော ဆံပင်နှစ်ခုကိုစု စည်းပါမည်။
7.ကြိုးချည်ပုံစံထပ်လုပ်ပါ။
နောက်ထပ်တစ်ဆင့် ကြိုးချည်ပုံစံပြုလုပ်ပါမည်။
8.သားရေကွင်း ချည်ပါ။
ပုံတွင်ပြထားသည့် အတိုင်းဆံပင်အားလုံးကိုစု၍ သားရေကွင်းဖြင့်ချည်ပါမည်။
9.ပြီးပြည့်စုံသွားပါပြီ။