ပျိုမေလေးများအတွက် အချစ်၏သင်္ကေတအဖြစ်သတ်မှတ်ပြီး လွယ်ကူရိုးရှင်း၍ ချစ်စရာကောင်းသော အသဲပုံကျစ်ဆံမြှီးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်ဘက်ခြမ်းအရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုယူ၍ စည်းပါမည်။
2.ကျစ်ဆံမြှီးကျစ်ပါ။
စည်းထားသောဆံပင်ကို သုံးပိုင်းခွဲ၍ ခွဲထားသောဆံပင်ကို ပုံတွင်ပြထားသည့်အတိုင်း သုံးချောင်းထိုးကျစ်ပါမည်။
3.ဆံပင်ကိုစည်းပါ။
ကျစ်ထားသောဆံပင်သုံးခုထဲမှ ဘေးနှစ်ခုကိုယူ၍အပေါ်သို့ပြန်တင်ကာ ပုံတွင်ပြထားသည့်အတိုင်း သရေကြိုးချည်ပါမည်။