ဆယ်ကျော်သက်ပျိုမေလေးများ နှင့်လိုက်ဖက်မှုရှိစေသည့် ချစ်စရာကောင်းသော ပန်းပွင့်ပုံကျစ်ဆံမြှီးဆံပင်ပုံစံလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.သုံးချောင်းထိုးကျစ်ပါ။
ရှေ့ဘက်ညာဘက်ဘေးနားမှ ဆံပင်အနည်းငယ်ကိုယူ၍ သုံးချောင်းထိုးကျစ်ဆံမြှီး ကျစ်ပါမည်။
2.ဆံပင်ကိုဖွပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို ပုံတွင်ပြထားသည့်အတိုင်းဖွပါမည်။
3.ပန်းပွင့်ပုံလုပ်ပါ။
ဖွထားသောဆံပင်များကို ပုံတွင်ပြထားသည့်အတိုင်း အပေါ်သို့ပြန်ခွေ၍ လိုအပ်သည့် နေရာများတွင် ကလစ်ထိုး၍ ပန်းပွင့်ပုံလုပ်ပါမည်။
4.အလှဆင်ပါ။
ကျောက်ဆံထိုးလေးဖြင့် အလှဆင်ပါမည်။