ရုံးဝန်ထမ်းပျိုမေလေးများနှင့်ဆရာမလေး များအတွက် အချိန်ကုန်သက်သာပြီး မိမိတို့ကိုယ်တိုင်ပြုလုပ်လို့ရနိုင်ပြီး ချစ်စရာကောင်း၍ လှပရိုးရှင်းသော နောက်တွဲဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ရှေ့ဘက် ဘယ်နှင့်ညာမှ ဆံပင်အနည်းငယ်ကိုချန်၍ ကျန်ဆံပင်များကို အနောက်တွင်စု၍ စည်းပါမည်။
2.ဆံထုံးလုပ်ပါ။
စည်းထားသောဆံပင်ကိုလိမ်၍ ပုံတွင်ပြထားသည့်အတိုင်း ဆံထုံးလုပ်ပါမည်။
3.ကလစ်ထိုးပါ။
လိုအပ်သည့်နေရာများတွင် ကလစ်ထိုးပါမည်။
4.ဆံပင်ကိုလိမ်၍ပတ်ပါ။
ညာဘက်ခြမ်းအရှေ့ဘက်မှဆံပင်ကိုအနောက်သို့ လှန်၍ပုံတွင်ပြထားသည့်အတိုင်း ဆံပင်ကိုလိမ်၍ ဆံထုံးတွင်ပြန်ပတ်ပေးပါမည်။
5.ဆက်လက်လုပ်ဆောင်ပါ။
ဘက်ဘက်ခြမ်းကိုလည်း ညာဘက်ခြမ်းကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။
6.အလှဆင်ပါ။
ပန်းပွင့်ကလစ်လေးဖြင့် အလှဆင်ပါမည်။