ဆယ်ကျော်သက်ပျိုမေလေးများအတွက် ရိုးရှင်းလွယ်ကူစွာထုံးလို့ရနိုင်သည့် ချစ်စရာကောင်းသော ဖန်စီဆံထုံးလေးကို ဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်စည်းပါ။
ဆံပင်အားလုံးကို အနောက်တွင်စု၍စည်းပါမည်။
2.ဂွင်းဝိုင်းလေးကိုသုံးပါ။
ပုံတွင်ပြထားသည့်အတိုင်း ဂွင်းဝိုင်းလေးကိုစည်းထားသောဆံပင်တွင်စွပ်ပါမည်။
3.ဆံပင်ဖြန့်ပါ။
ဂွင်းဝိုင်းလေးပေါ်သို့ဆံပင်အားလုံးကို ပုံတွင်ပြထားသည့်အတိုင်း ဖြန့်ချပါမည်။
4.ဆံပင်ကိုအလိမ်လုပ်ပါ။
ဖြန့်ချထားသောဆံပင်များကို အနည်းဆီယူ၍ လိမ်ပါမည်။
5.ဆံပင်ကိုအထဲသို့ထည့်ပါ။
လိမ်ထားသောဆံပင်များကို ပုံတွင်ပြထားသည့်အတိုင်း အထဲသို့ထည့်ပါမည်။
6.ဆက်လက်လုပ်ဆောင်သွားပါ။
အပေါ်အဆင့်များကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။