ဆန်းသစ်သော ဆံထုံးကိုကြိုက်နှစ်သက်သော အမျိုးသမီးများအတွက် စတိုင်ကျလှပစေမည့် နောက်တွဲဆံထုံးလေးဖန်တီးပေးလိုက်ပါတယ်။
1.ဆံပင်အနည်းငယ်ယူပါ။
ဘယ်၊ညာ မှဆံပင်အနည်းငယ်ယူပါမည်။
2.နှစ်ချောင်းထိုး ကျစ်ပါ။
နှစ်ချောင်းထိုးကျစ်ရန် ဆံပင်ကို ညာမှဘယ်သို့ပို့ပါမည်။
3.နှစ်ချောင်းထိုး ကျစ်ပါ။
နှစ်ချောင်းထိုးကျစ်ရန် ဆံပင်ကို ဘယ်မှညာသို့ပို့ပါမည်။
4.အောက်မှဆံပင်အနည်းငယ်ယူပါ။
အောက်မှဆံပင်အနည်းငယ်ယူ၍ နှစ်ချောင်းထိုးကျစ်ပါမည်။
5.အောက်မှဆံပင်အနည်းငယ်ထပ်ယူပါ။
အောက်မှဆံပင်အနည်းငယ်ထပ်ယူပြီး နှစ်ချောင်းထိုး ထပ်ကျစ်ပါမည်။
6. အောက်မှဆံပင်အနည်းငယ်ထပ်ယူပါ။
အောက်မှဆံပင်အနည်းငယ်ထပ်ယူပြီးနှစ်ချောင်းထိုး ထပ်ကျစ်ပါမည်။
7.ဆံပင်ကို အလိမ်လုပ်ပါ။
နှစ်ချောင်းထိုး ကျစ်ထားသော ဆံပင်ကို အောက်မှယူ၍ အလိမ်လုပ်ပါမည်။
8.ကလစ်ဖြင့်တွယ်ပါ။
ဆံပင်ကိုလိပ်၍ ဆံထုံးပုံစံပြုလုပ်ထားသော ဆံပင်ကို ကလစ်ဖြင့်တွယ်ပါမည်။
9.ဆံထိုးဖြင့်အလှဆင်ပါ။
မိမိကြိုက်နှစ်သက်ရာဆံထိုးဖြင့် အလှဆင်ပါမည်။