ဆံပင်စည်းရတာ ကြိုက်နှစ်သက်သော ပျိုမေတို့အတွက် ကလစ်အလှ မလိုဘဲ လွယ်လွယ်ကူကူ စည်းလို့ရသော ပုံစံလေးကို ဖန်တီးဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို သုံးပိုင်းခွဲပြီ စည်းပါ။
ဆံပင်အားလုံးကို အနောက်သို့ ဖြန့်ချပြီး သုံးပိုင်းခွဲ၍ အလယ်ကို စည်းပါမည်။
2.သုံးချောင်းထိုး ကျစ်ပါ။
ဘယ်ဘက်ခြမ်းကို သုံးချောင်းထိုး ကျစ်ပါမည်။
3.အနောက်သို့ ပြန်ပတ်ပါ။
သုံးချောင်းထိုးကျစ်ထားသော ဆံပင်ကို အနောက်မှစည်းထားသော ဆံပင်တွင်ပြန်ပတ် ပါမည်။
4.သုံးချောင်းထိုး ထပ်ကျစ်၍ ပြန်ပတ်ပါ။
ညာဘက်ခြမ်းကိုလည်း သုံးချောင်းထိုး ထပ်ကျစ်၍ ဘယ်ဘက်ခြမ်းကဲ့သို့ အနောက်သို့ပြန်ပတ်ပါမည်။
5.သုံးချောင်းထိုး ထပ်ကျစ်၍ ပြန်ပတ်ပါ။
ဘယ်ဘက်ခြမ်းကိုလည်း သုံးချောင်းထိုးထပ်ကျစ်ပြီး အနောက်သို့ ပြန်ပတ်ပါမည်။
6.ကလစ်ထိုးပါ။
အနောက်သို့ ပြန်ပတ်ထားသော ဆံပင်များကို ကလစ်ထိုးပါမည်။
7.ဆက်လက်လုပ်ဆောင်သွားပါ။
အပေါ်အဆင့်များ ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားပါမည်။