ဆရာမများနှင့် ရုံးဝန်ထမ်းများအတွက် လွယ်ကူရိုးရှင်းသော ဆံပင်အလိမ်ပုံစံဆံထုံးလေး ကိုဖန်တီးပေးထားပါတယ်။ ရိုးရှင်းလွယ်ကူးပြီး လှပဆန်းသစ် သော ပုံစံဖြင့် စတိုင်ကျလှပစေရန်ရည်ရွယ်၍ ဖော်ပြပေးခြင်းဖြစ်ပါသည်။
1.ဆံပင်ဖြန့်ချပါမည်။
ဆံပင်အားလုံးကိုအနောက်သို့ဖြန့်ချပါ။
2.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို အနောက်သို့ စုစည်းပါ။
3.ဆံပင်နှစ်ဘက်ခွဲပါမည်။
စည်းထားသော ဆံပင်ကိုနှစ်ဘက်ခွဲပါ။
4.ဆံပင်ကို လိမ်ပါမည်။
နှစ်ဘက်ခွဲထားသော ဆံပင်၏ ညာဘက်ခြမ်းကိုလိမ်ပါမည်။
5.ဘယ်ဘက်ခြမ်းသို့ပို့ပါမည်။
ညာဘက်ခြမ်းမှလိမ်ထားသော ဆံပင်ကိုဘယ်ဘက်ခြမ်းသို့ ပို့ပါ။
6.ဆံပင်ကိုဘယ်မှ ညာသို့ပြန်ပို့ပါမည်။
ဘယ်ဘက်ခြမ်းမှ လိမ်ထားသော ဆံပင်ကိုညာဘက်ခြမ်းသို့ပြန်ပို့ပါ။
7.ဆက်လက် လုပ်ဆောင်သွားပါမည်။
အပေါ်အဆင့်များ အတိုင်း ဆက်လက် လုပ်ဆောင်သွားပါ။
8.လိမ်ထားသော ဆံပင်ကို ပြန်ခွေပတ်ပါမည်။
လိမ်ထားသော ဆံပင်ကို အပေါ်မှအောက်သို့ ပြန်ခွေပတ်ပါ။
9.ကလစ်ထိုးပါမည်။
လိုအပ်သည့်နေရာများတွင် ကလစ်ထိုးပေးပါ။
10.အလှဆင်ပါမည်။
အလိမ်ထုံးထားသော ဆံထုံး၏အလယ်တွင် ကျောက်ဆံထိုးလေးနဲ့ အလှဆင်ပေးပါ။