ကျောင်းသူတို့နှင့် အလုပ်ခွင်တွင်း ဆံပင်ကို အမြန်ထုံးလိုသော သူတို့အတွက် ခေါင်းစည်းကြိုး၊ ကလစ် စသည့် ပစ္စည်းများမလိုပဲ ခဲတံ၊ ဘောပင်၊ တူ တို့ဖြင့် ထုံးလို့ရအောင် ပြုလုပ်ပေးထားပါတယ်။
1.နောက်သို့ပို့ပါ။
ဆံပင်အားလုံးကို နောက်သို့ပို့ပါ။
2.အလိမ်လုပ်ပါမည်။
ပုံတွင်ပြထားသည့်အတိုင်းဘယ်ညာလိမ်လိုက်ပါ။
3.အခွေလုပ်ပါမည်။
လိမ်ထားသော ဆံပင်ကို ဘယ်ညာဝှိုက်ပြီး အမြှီးပိုင်းထိရောက်အောင် ခွေသွားပါ။
4.ခဲတံစိုက်ပါမည်။
ခဲတံကို ဆံပင်အောက်ခြေမှ ထိုးပြီး ခွေထားသော ဆံပင်အလယ်မှ ဖြတ်ကာ အပေါ်သို့ တွန်းတင်ပြီး အောက်သို့စိုက်ပါ။