ကိုယ်အရမ်းချစ်ရတဲ့ကောင်လေးရဲ့ ကောင်မလေးဖြစ်ချင်တယ်

0

သူ့ရဲ့ နှလုံးသားတံခါးလေးပွင့်ဆိုရင်တော့ အချက်(၃)ချက်လိုအပ်ပါတယ်💓

👦 ဘာလို့လဲဆိုတော့ ကောင်လေးတွေဆိုတာဟာ သူတို့အမှန်တစ်ကယ် သဘောကျတဲ့ကောင်မလေးတွေရဲ့ရှေ့မှသာ သူတို့ရဲ့စတိုင်လ်ကျတဲ့ပုံစံကိုသာပြချင်တာလေ 🤗
👦 သူတို့ရဲ့နှလုံးသားတံခါးကိုလည်း သူတို့သဘောကျတဲ့မိန်းကလေးတွေအတွက်သာပြတဲ့အချက်ရှိတယ် 🤗
👦 အကယ်၍ ကိုယ်ကြိုက်နေတဲ့ကောင်လေးက ကိုယ့်ရှေ့မှာအခုလိုအချက်လေးတွေ လုပ်ပြနေပြီဆိုရင်တော့ သူလည်းသင့်ကို ထပ်တူ သဘောကျနေပါပြီနော် 🤗

၁။ စိုးရိမ်ပူပန်နေတဲ့ပုံစံမျိုး

☝ယောကျာ်းလေးတွေဟာ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုအခြားလူကိုမမြင်စေချင်ကြပါဘူး။ ဘာလို့လဲဆိုတော့သူတို့ကို အားနည်းတဲ့သူလို့ မထင်စေချင်ကြလို့ပါ။ ဒါပေမယ့်အကယ်၍ ကိုယ်ချစ်နေတဲ့ကောင်လေးက ကိုယ့်ကိုစိတ်ပူနေတဲ့ပုံစံမျိုး ၊ နူးညံ့တဲ့စကားလေးတွေထွက်လာပြီဆိုရင်တော့သူကမင်းအတွက် နှလုံးသားတံခါးဖွင့်ထားလိုက်ပါပြီ။ ကိုယ့်ရဲ့ကောင်လေးသောကရောက်နေတဲ့အချိန်မှာ ကိုယ်က မှန်ကန်တဲ့အဖြေမပေးနိုင်ရင်တောင်မှ သူပြောနေတဲ့စကားလေးကိုတော့သေချာလေးနားထောင်ပေးသင့်ပါတယ်နော်!!

၂။ ကောင်လေးတွေချွဲတဲ့ပုံစံမျိုး

☝ ဒီအချက်ဟာလည်း ကောင်လေးတွေရဲ့ အဓိကလျှို့ဝှက်ချက်တစ်ခုပါ။ ကောင်လေးတွေချွဲတယ်ဆိုတာဟာသူတို့ချစ်သူရှေ့၊ သူတို့ ဇနီးမယားရှေ့မှာသာချွဲကြတာပါ။တစ်ကယ်လို့ မင်းရှေ့မှာ ကောင်လေးက အဲ့လိုပုံစံမျိုးလုပ်နေပြီဆိုရင်တော့ သူ့ချစ်သူကောင်မလေးတစ်ယောက်အဖြစ်မင်းကိုအလေးထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲ။ စကားပြောတဲ့အချိန်မှာ အသံကသာမာန်ထက်ပိုပြီးမြင့်နေတာမျိုး၊ ချွဲသလိုဖြစ်နေတာမျိုး၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ နှစ်ယောာက်တည်းရှိနေချိန်ပဲဖြစ်ဖြစ် သူ့ရဲ့အပြုအမူတွေက ကွဲလွဲနေမယ်ဆိုရင်ဒါတွေဟာ မင်းကိုသာပြချင်တဲ့သူ့ရဲ့ပုံသဏ္ဍာန်တွေပါပဲ။ ဒါကစတိုင်လ်ကျတဲ့ကောင်လေးတစ်ယောက်ရဲ့ပုံစံမျိုးသာမဟုတ်ပဲ ချွဲတတ်တဲ့ပုံစံလေးကလည်း ချစ်စရာကောင်းတယ်နော်။

၃။ အပြစ်မဲတဲ့ပုံစံမျိုး

☝ ယောကျာ်းလေးတွေဆိုတာဟာ အမြဲတမ်း ကလေးစိတ်မကုန်ခမ်းနိုင်သူတွေပါ။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အမျှဒီလိုအပြုအမူတွေကိုမလုပ်ကြတော့ပါဘူး။ ကိုယ့်ကောင်လေးကကိုယ့်ရှေ့မှာ ဘောလုံးပွဲကိုအာရုံစိုက်နေတာမျိုး၊ ဂိမ်းကိုအာရုံစိုက်နေတာမျိုးကြို ပသနေပြီဆိုရင်တော့ မင်းကိုသဘောကျနေတဲ့ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ (ဒီနေရာမှာ တစ်မျိုးထင်နိုင်ပေမယ့် တစ်ကယ်တမ်းကျတော့ သူတို့တွေကသူတို့သဘောကျတဲ့ကောင်မလေးရှေ့မှာ သူတို့ရဲ့ ပင်ကိုယ်စတိုင်လ်ကိုမဖုံးကွယ်ပဲ အမှန်တိုင်းချပြတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ)လူနှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့အချိန်တွေကိုကုန်ဆုံးတယ်ဆိုတာလည်း ကောင်းတဲ့အရာပဲလေနော်။

YUYU Writer Team ကနေ အချစ်ရေးနဲ့ပတ်သတ်ပြီးမေးမြန်းချင်သူတွေကို ရှာဖွေနေတာကြောင့် အချစ်ရေးမှာပြဿနာရှိတဲ့သူတွေအနေနဲ့ Message Box ကနေဖြစ်ဖြစ်Chat Box ကနေဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော်။