ကျောင်းသူတို့နှင့် မိမိ၏ဆံပင်ကို ချစ်စဖွယ်ပုံစံပြုလုပ်ခြင်းကို နှစ်သက်သူတို့ အတွက်ဆံပင်အပေါ်ပိုင်းအလှကျစ်နည်းကို ထပ်မံ မိတ်ဆက် ပေးလိုက်ပါတယ်။
1.အနည်းငယ်ယူပြီး သုံးပိုင်းခွဲပါ။
ဘယ်ဘက်ခြမ်းအရှေ့ဆံပင်ကို အနည်းငယ်ယူပြီး သုံးပိုင်းခွဲပါ။
2.သုံးချောင်းထိုးကျစ်ပါ။
3.အတွင်းဘက်မှ ဆံပင်အနည်းငယ်ယူပါ။
သုံးချောင်းထိုးဆံပင်၏အောက်ဘက်အတွင်းပိုင်း မှဆံပင်အနည်းငယ်ယူပါ။
4.သုံးချောင်းထိုးထဲသို့ထည့်ကျစ်ပါ။
အနည်းငယ်ယူထားသော ဆံပင်ကို သုံးချောင်းထိုးထဲသို့ထည့်ကျစ်ပါ။
5.နောက်ထပ်ဆံပင်အနည်းငယ်ထပ်ယူပါ။
သုံးချောင်းထိုးဆံပင်၏အောက်ဘက်အတွင်းပိုင်း မှဆံပင်အနည်းငယ်ထပ်ယူပါ။
6.ဆက်လက်ကျစ်သွားပါ။
အပေါ်အဆင့်များအတိုင်း ဆက်လက်ကျစ်သွားပါ။
7.သားရေကွင်းချည်ပါမည်။
၅ချက်လောက်ယူကျစ်ပြီးလျှင် ကျန်ဆံပင်ကို သုံးချောင်းထိုးကျစ်ဆံမြှီး ၃ချက်လောက် ကျစ်ပြီး သားရေကွင်းချည်လိုက်ပါ။
8.ဆက်လက်လုပ်ဆောင်သွားပါ။
ညာဘက်ခြမ်းကိုလည်း ဘယ်ဘက်ခြမ်းအတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။
9.ပေါင်းချည်ပါမည်။
ဘယ်ညာဆံပင်နှစ်ဖက် ကိုနောက်တွင်ပေါင်းချည်ပါ။