ကျောင်းသူတို့နှင့် မိမိ၏ဆံပင်ကို ချစ်စဖွယ်ပုံစံပြုလုပ်ခြင်းကို နှစ်သက်သူတို့ အတွက် မိမိ၏အလှကို ပိုမိုပေါ်လွင်အောင် ဆံပင်တစ်ဝက်အလှစည်းနည်းကို ထပ်မံမိတ်ဆက် ပေးလိုက်ပါတယ်။
1.ဆံပင်နည်းနည်းယူပါ။
ဘယ်ဘက်ခြမ်းဆံပင် နည်းနည်းယူပါ။
2.ဆံပင်နှစ်ချောင်းကို နည်းနည်းစီယူပါ။
ညာဘက်ခြမ်းဆံပင် ကို နည်းနည်းစီနှစ်ချောင်းယူပါ။
3.နောက်သို့ပို့ပါ။
ဆံပင်သုံးချောင်းကို နောက်သို့ပို့ပါ။
age-header”>4.သုံးချောင်းထိုး တစ်ချက်ကျစ်ပါ။
ဆံပင်သုံးချောင်းကို သုံးချောင်းထိုး ကျစ်ဆံမြှီး တစ်ချက်ကျစ်ပါ။
5.နည်းနည်းထပ်ယူပါ။
ဘယ်ဘက်ခြမ်းဆံပင်နည်းနည်းထပ်ယူပြီး နောက်သို့ပို့ပါ။
6.ထည့်ကျစ်ပါ။
ထပ်ယူထားသော ဆံပင်ကို သုံးချောင်းထိုး ကျစ်ဆံမြှီးထဲသို့ ထည့်ကျစ်ပါ။
7.နည်းနည်းထပ်ယူပါ။
ညာဘက်ခြမ်းဆံပင်နည်းနည်းထပ်ယူပြီး နောက်သို့ပို့ပါ။
8.ထည့်ကျစ်ပါ။
ထပ်ယူထားသော ဆံပင်ကိုသုံးချောင်းထိုးကျစ်ဆံမြှီး ထဲသို့ထည့်ကျစ်ပါ။
9.ဆက်လက်ကျစ်သွားပါ။
အပေါ်အဆင့်များ အတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။
10.အောက်ပိုင်းကို သုံးချောင်းထိုးဆက်ကျစ်ပါ။
သုံးချောင်းထိုးကျစ်ဆံမြှီး သုံးဆင့်လောက်ထပ်ကျစ်လိုက်ပါ။
11.သားရေကွင်းချည်ပါမည်။
အမြှီးပိုင်းကို သားရေကွင်းချည်ပါမည်။