Treatment for Panda Eye

0

ပန်ဒါမျက်ဝန်းလေးတွေဖြစ်နေတဲ့ ညီမလေးတွေအတွက် ၊မျက်ကွင်းညိုတာ ပျောက်ကင်းစေတဲ့သဘာဝနည်းလေးတွေကို
လုပ်ပြထားပါတယ်။
အိပ်ရေးပျက်ခြင်း၊အားနည်းတာတွေ၊အအိပ်လွန်တဲ့သူတွေမှာ ဖြစ်လေရှိတဲ့ မျက်ကွင်းညိုခြင်းတွေကို
ပျောက်ကင်းစေတဲ့သဘာဝနည်းလမ်းလေးတွေပါနော်။

ပထမဆုံးအနေနဲ့ အာလူး၊သခွားသီးကိုယူပါ။

အာလူးနဲ့သခွားသီးကိုရောကြိတ်ပြီး ရလာတဲ့အနှစ်ကိုပန်းကန်ထဲထည့်ပြီး တစ်ရှုး(သို့မဟုတ်) Cottton Pat ကို ယူလိုက်ပါ။
ကြိတ်ထားသော အရည်ထဲသို့ နှစ်ပေးပါ။

၁၅ မိနစ်လောက်ကြာရင် ရေခဲသေတ္တာထဲကထုတ်ပြီး မျက်လုံးအောက်ကိုကပ်ပေးပါ။
(၁၅ မိနစ်လောက်ကပ်ပေးလို့ရပါတယ်နော်။ ညဘက်မှာလည်း ကပ်အိပ်လို့ရပါတယ်။)

နောက်ထပ်တစ်နည်းကတော့ ပူစီနံနဲ့သံပုရာသီးကိုယူပါ။

ပူစီနံကိုကြိတ်ပြီးအရည်ညှစ်ပါ။ သံပရာသီးစိတ်ပြီး ပူစီနံအရည်ထဲညှစ်ထည့်ပါ။ တစ်ရှုး(သို့ မဟုတ်) Cottton Pad ကို
ယူပြီး ရလာတဲ့အရည်ထဲသို့နှစ်ပါ။

မျက်လုံးအောက်ကပ်ပေးပြီး ဆယ်ငါးမိနစ်လောက်ထားပေးပါ။
(သံပရာသီးပါတဲ့အတွက် မျက်လုံးအောက်ကိုဂရုစိုက်ပြီးကပ်ပါ။)

ဒီနည်းလမ်းလေးကို တစ်ပတ်မှာ နှစ်ကြိမ်လောက်လုပ်ပေးခြင်းဖြင့် သိသိသာသာသက်သာလာပါလိမ့်မယ်နော်။