ဆံထုံးထုံးပုံလေးများကို သီရိကတစ်ဆင့်ချင်းစီ တင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ဘေးဆံပင်နှစ်ဖက်ကိုချန်ပြီး အနောက်ဆံပင်အားလုံးကိုစည်းပါမယ်။
စည်းထားသောဆံပင်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်ဆံပင်ကိုလည်း ရှေ့နည်းအတိုင်းလုပ်ပါမယ်။
ကျန်ဆံပင်များကိုလည်း ဆက်လက်လုပ်ဆောင်ပါမယ်။
အရှေ့မှချန်ထားသောဆံပင်တစ်ဖက်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီးကလစ်ဖြင့်ထိုးပါမယ်။
ကျန်ဆံပင်တစ်ဖက်ကိုလည်းရှေ့နည်းအတိုင်းလုပ်ပါမယ်။