အဆင့်ဆင့်လေး နားလည်အောင် သေချာလေးပြထားပေးလို့ လိုက်လုပ်ကြည့်ပေးနော်။
1.ရှေ့ဆံပင်ကို ဖောင်းဖောင်းလေးလုပ်ပေးပါ။
နားနောက်မှနှစ်ပိုင်းခွဲပါ။
ရှေ့ခြမ်းမှဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ဖောင်းဖောင်းလေး လုပ်၍ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ဆံခံလုပ်ပြီးကလစ်ဖြင့်ထိုးပါ။
2.တစ်ခြမ်းကိုအုပ်၍ ဆံထုံးလုပ်ပါ။
ကျန်ဆံပင်ကို နှစ်ခြမ်းခွဲပါ။
တစ်ဘက်ခြမ်းမှဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
ဆံခံပေါ်ကိုအုပ်၍ ကလစ်ဖြင့်ထိုးပါ။
3.နောက်တစ်ခြမ်းကို ဆင့်အုပ်၍အလှဆင်ပါ။
နောက်တစ်ခြမ်းမှဆံပင်ကိုလည်း ဘီးဖြင့်ခြစ်ပါ။
ပထမဆံထုံးပေါ်သို့ ယူပါ။
ခွေ၍ကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါ။