လွယ်လည်းလွယ် လှလည်းလှလို့ အားလုံးလေ့ကျင့်ကြည့်လို့ ရအောင်တစ်ဆင့်ချင်းစီ တင်ဆက်ပေးလိုက်ပါတယ်နော်။
1.France Roll ဆံထုံးလေး အရင်ထုံးပေးပါ။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
တစ်ခြမ်းကို ကလစ်ဖြင့်တန်းစီပြီး ထိုးပါ။
ကျန်ဆံပင်အကုန်လုံးကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်အကုန်လုံးကို အတွင်းဘက်သို့ လက်ဖြင့်လျှိုယူပါ။။
အကုန်အတွင်းထည့်ပြီးကလစ်ဖြင့်ထိုးပါ။
2.ရှေ့ဆံပင်လေးတွေဖောင်းဖောင်းလေးလုပ်ပေးပါ။
ရှေ့ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်သို့ ဘီးဖြင့်သပ်ရပ်အောင် ပြန်ဖြီးပါ။
ဖောင်းဖောင်းလေး လုပ်ပြီးကလစ်ဖြင့်ထိုးပါ။
ပိုသောအစကို နှစ်စခွဲပါ။
တစ်စကိုယူ၍ ခွေပြီးကလစ်ဖြင့်ထိုးပါ။
နောက်တစ်စကိုလည်း ခွေပြီးကလစ်ထိုးပါ။