အလှူ၊ မင်္ဂလာပွဲများနှင့် အလုပ်ကို သပ်သပ်ရပ်ရပ်လေးသွားချင်သော ပျိုမေ တို့အတွက် ဆံပင်တိုလည်းဆံထုံးထုံးလို့ရအောင် ဖန်တီးပြုလုပ်ပေးထားပါတယ်။
1.နှစ်ပိုင်းခွဲပါ။
ပုံတွင်ပြထားသည့်အတိုင်း အပေါ်အောက် နှစ်ပိုင်းခွဲပြီး အပေါ်ဆံပင်ကို ကလစ်ဖြင့် ခဏထိန်းထားပါ။
2.သားရေကွင်းစည်းပါမည်။
အောက်ပိုင်းဆံပင်ကို သားရေကွင်းစည်းပါ။
3.အောက်သို့ဆွဲချပါမည်။
စည်းထားသော သားရေကွင်းကို အောက်သို့ဆွဲချပါ။
4.အပေါ်သို့ခေါက်သွင်းပါ။
အမြှီးပိုင်းဆံပင်ကို အပေါ်ထောင်ပြီး သွင်းပါ။
5.သားရေကွင်းစည်းပါမည်။
အပေါ်ဆံပင်ကို သားရေကွင်းစည်းပါမည်။
6.အောက်သို့ခေါက်သွင်းပါမည်။
စည်းထားသော အပေါ်ဆံပင်ကို ပုံတွင်ပြထားသည့်အတိုင်း အောက်သို့ခေါက်သွင်းပါ။
7.အပေါ်သို့ဆွဲတင်ပြီး ကလစ်ထိုးပါမည်။
အောက်ဆံပင်ကို အပေါ်ဆံပင်ပေါ်သို့ဆွဲတင်ပြီး ကလစ်ထိုးပါ။
8.ကလစ်ထပ်ထိုးပါ။
ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းကို လည်းကလစ်ထိုးပါ။