ကျောင်းသူတို့နှင့် ဆန်းသစ်သော ဆံပင်ပုံစံများကို နှစ်သက်သော သူတို့ အတွက် လွယ်ကူပြီး မိမိကိုယ်တိုင်ပြုလုပ်လို့ရအောင် အလိမ်ရေတံခွန်ပုံစံကို ဖန်တီးပေးထား ပါတယ်။
1.ဆံပင်အနည်းငယ်ယူပြီး နှစ်ပိုင်းခွဲပါ။
ညာဘက်ဆံပင်အနည်းငယ်ကိုယူပြီး နှစ်ပိုင်းခွဲပါ။
2.မုန့်ကြိုးလိမ်ပုံစံပြုလုပ်ပါမည်။
ဘယ်ညာ နှစ်ပိုင်းခွဲထားသော ဆံပင်ကို ဘယ်ညာဝှိုက်၍လိမ်ပြီး မုန့်ကြိုးလိမ်ပုံစံပြုလုပ် ပါမည်။
3.အမြှီးပိုင်းကို သားရေကွင်းစည်းပါမည်။
4.ဆံပင်အနည်းငယ်ယူပါမည်။
ဦးရေပြားမှ ဆံပင်အနည်းငယ်ကိုယူပါ။
5.မုန့်ကြိုးလိမ်ဆံပင်ကို ဟလိုက်ပါ။
ပုံတွင်ပြထားသည့်အတိုင်း မုန့်ကြိုးလိမ်ဆံပင်ကို ဟပါ။
6.ရေတံခွန်ပုံစံပြုလုပ်ပါမည်။
ဟထားသော ဆံပင်ထဲသို့အနည်းငယ်ယူထားသော ဆံပင်ကို ထည့်ပါ။
7.နောက်ထပ်ဟပြီး ဆံပင်ကိုထည့်ပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကို ထပ်ယူပြီးဟထားသော ဆံပင်ထဲသို့ထည့်ပါ။
8.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
9.ဆက်လက်လုပ်ဆောင်သွားပါ။
အပေါ်အဆင့်များအတိုင်း ဆက်လက်လုပ်ဆောင်သွားပါ။
10.အဆုံးသတ်ပါမည်။
ပိုနေသော ဆံပင်ကို အမြှီးပိုင်းနှင့် ကပ်၍ကလစ်တွယ်ပါ။
11.အလှဆင်ပါမည်။
နှင်းဆီပွင့်လေးဖြင့် အလှဆင်လိုက်ပါမည်။