နေလောင်တဲ့အသားအရည်ကိုကာကွယ်ကြမယ်

0

မိန်းကလေးတိုင်းကအသားအရည် စိုပြေ၀င်းလက်တာကို သဘောကျတာချည်းပါပဲ။ အသားအရည်ဆိုရင် ဖြူမှလှတာမျိုးမဟုတ်ဘဲ
နဂိုအတိုင်းထက်ပိုပြီး စိုပြေလာအောင် အိမ်တွင်းသဘာဝနည်းလမ်းလေးတစ်ခုကို မျှဝေပေးပါ့မယ်။ အသားရေညီညီလေးနဲ့
ဝင်းဝင်းလက်လက်ဖြစ်နေရင်လည်း ဆွဲဆောင်မှုရှိပါတယ်။ ဒါကြောင့် K က ဒီနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
-Hair Remover
-ဒိန်ချဉ်
-ဆနွင်း တို့ပဲဖြစ်ပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ K ကိုယ်တိုင်လက်မွှေးလေးတွေကရှည်တော့ Hair Remover လေးကိုထည့်လိမ်းပေးထားပါတယ်။ ဒီအဆင့်က မလုပ်ချင်ရင် ကျော်လို့လည်း ရပါတယ်နော်။
Hair Remover လေးကို လိမ်းပါမယ်။
အမွှေးတွေကျွတ်ပြီဆိုရင် ရေဆေးချပေးပါ။

ဒုတိယအဆင့်အနေနဲ့ ဒိန်ချဉ်အနည်းငယ်၊ ဆနွင်းတစ်ဇွန်းကိုယူပြီးတော့ရောမွှေပြီး နေလောင်တဲ့နေရာတွေကို
အသားထဲစိမ့်ဝင်အောင်လိမ်းပေးပြီး ခြောက်သွားတဲ့အထိထားပေးပါ

ခြောက်သွားရင်တော့ရေဆေးချပေးပါ။




အခုTreatmentလေးဟာဆိုရင်တော့ တစ်ပါတ်ကိုလေးကြိမ်အထိလုပ်နိုင်ပြီးတော့ တစ်လဆိုရင်အသားအရည်လေးက
သိသိသာသာဝင်းမွတ်စိုပြေလာပါလိမ့်မယ်နော်။