ဆံထုံးထုံးပုံလေးများကို သီရိကတစ်ဆင့်ချင်းစီ တင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ဆံပင်အားလုံးကို စုစည်းပါမယ်။
စည်းထားသောဆံပင်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ဘေးတွင်ကလစ်ဖြင့်ထိုးထားပြီး ကျန်ဆံပင်များကို သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို အဆုံးထိကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီးကလစ်ဖြင့်ထိုးပါမယ်။
ကျန်သောဆံပင်ကို ဆံထုံးဘေးတွင်ပတ်ပါမယ်။
အဆုံးထိပတ်ပြီး ကလစ်ဖြင့်ထိုးပါမယ်။