ကျစ်ဆံမြှီးဘောလုံးဆံထုံးလှလှလေးကို Aliceက ကိုတင်ပြပေးမှာ ဖြစ်ပါတယ်။
1.ဆံပင်ခွဲပါမယ်။
ဆံပင်ကိုနားထင်နားကနေ ခွဲပေးပါ။
ကျန်တစ်ဖက်ကိုလည်းခွဲပေးရပါမယ်။
အနောက်မှကျန်သောဆံပင်ကို အကုန်စုပြီးစည်းပေးရပါမယ်။
သုံးချောင်းခွဲပေးပါ။
ကျစ်ဆံမြှီးကျစ်ပေးပြီး ခေါင်းစည်းကြိုးဖြင့်စည်းပေးပါ။
ဆွဲ၍ဖွပေးရပါမယ်။
ဆံခံကိုယူပြီးကလစ်ဖြင့်ထိုးပေးရပါမယ်။
စည်းထားသောဆံပင်ကို ဆံခံပေါ်သို့တင်ပေးပါ။
ကလစ်ဖြင့်ထိုးပေးရပါမယ်။
2.ဆံပင်ကိုခွေပြီကလစ်ဖြင့်ထိုးပါမယ်။
နားထင်နားကဆံပင်ကို အနည်းငယ်ယူပေးပါ။
လိမ်ပေးရပါမယ်။
ခွေပေးပါ။
ဆံထုံးပေါ်သို့တင်ပေးပြီးကလစ်ဖြင့်ထိုးပေးပါ။
နောက်ထပ်ဆံပင်ထပ်၍ယူပေးပါ။
လိမ်၍ခွေပေးပြီး ကလစ်ဖြင့်ထိုးပေးပါ။
ကျန်ဆံပင်ကိုလည်း ခွေပေးပြီးကလစ်ဖြင့်ထိုးပေးရပါမယ်။
ကျန်တစ်ဖက်ကဆံပင်တွေကိုလည်း ရှေ့နည်းအတိုင်းပဲ လုပ်ပေးပြီး ကလစ်ဖြင့်ထိုးပေးရပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။