သင်ယူလေ့လာနေသူတွေအတွက် လွယ်ကူအောင် အဆင့်ဆင့်လေးပြပေးထားလို့ လိုက်လုပ်ကြည့်နော်။.
1.ရှေ့ဆံပင်ကို ဆွဲဆွဲပြီးကျစ်သွားပါ။
နားနောက်မှ နှစ်ပိုင်းခွဲပါ။
ရှေ့ဆံပင်ကိုအလယ်ခွဲပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုယူပြီး သုံးစခွဲပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုဆွဲယူပါ။
ကျစ်ထားသောဆံပင်ထဲ ထည့်ကျစ်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကိုဆွဲယူပါ။
ကျစ်ထားသောဆံပင်ထဲ ထည့်ကျစ်ပါ။
2.ရှေ့ဆံပင်လေးတွေကိုကျစ်ဆံမြှီးဆွဲကျစ်ပေးပါ။
ရှေ့ဆံပင်ကုန်သည်အထိ ဆက်ကျစ်သွားပါ။
နောက်တစ်ဖက်ကိုလည်း ဆက်ကျစ်သွားပါ။
ကျစ်ထားသောဆံပင်နှစ်ခုကို နောက်ဘက်တွင် စုစည်းပါ။
ကျန်ဆံပင်ကို အပိုင်းငါးပိုင်းခွဲပါ။
3.မုန့်ကြိုးလိမ်ငါးခုလုပ်ပါ။
တစ်စကိုယူ၍ နှစ်စခွဲထားပါ။
မုန့်ကြိုးလိမ်လိမ်ပါ။
အဆုံးထိလိမ်ပြီး သားရေကွင်းစည်းပါ။
ငါးခုလုံးကို မုန့်ကြိုးလိမ်လိမ်ထားပါ။
4.မုန့်ကြိုးလိမ်လေးတွေကို အကုန်ခွေပေးပါ။
တစ်စကိုယူ၍ ခွေပေးပါ။
အပေါ်ထိခွေ၍ ကလစ်ထိုးပါ။
အကုန်လုံးကိုခွေပြီး ကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါ။