ဒီတစ်ခေါက်မှာ Alice က ပွဲတက်ဆံထုံး လေးကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။
1.ဆံပင်စည်းပါမယ်။
ဆံပင်ကို တစ်ဝက်ယူပြီးစည်းပေးရပါမယ်။
ဆံခံလေးကို စည်းထားတဲ့ဆံပင်ပေါ်သို့တင်ပေးပြီး ကလစ်ဖြင့်ထိုးရပါမယ်။
အောက်မှကျန်သောဆံပင်အဖျားလေးကို ခေါက်ပြီးစည်းပေးပါ။
စည်းထားသောဆံပင်ကိုဆံခံပေါ်သို့တင်ပေးပြီးကလစ်ဖြင့်ထိုးပေးပါ။
2.ပတ်ပြီးကလစ်ဖြင့်ထိုးပါမယ်။
အောက်မှကျန်သောဆံပင်ကိုအနည်းငယ်ယူပေးပါ။
ဆံထုံးပေါ်သို့ပတ်ပေးပါ။
ကလစ်ဖြင့်ထိုးပေးရပါမယ်။
ကျန်ဆံပင်တွေကိုလည်းယူပေးပါ။
ပတ်ပြီးကလစ်ဖြင့်ထိုးပေးရပါမယ်။