တီတီတို့အတွက် ကျက်သရေရှိစေမယ့်ဆံထုံးလေးဖြစ်လို့ နှိုင်းကအဆင့်ဆင့်လေး တင်ဆက်ပေးလိုက်ပါတယ်နော်။
1.ရှေ့ဆံပင်ကို ဖောင်းဖောင်းလေးလုပ်ပေးပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
ရှေ့ဘက်မှဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်မှဆံပင်ကို စည်းထားပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့သပ်ရပ်အောင် ပြန်ပြီးဖြီးယူပါ။
ဖောင်းပြီးကလစ်ထိုးထားပါ။
2.ဆံထုံးလုပ်ပါ။
ပိုသောဆံပင်ကိုခြစ်၍ ထုံးပြီးကလစ်ထိုးပါ။
စည်းထားသောဆံပင်ကို သုံးစခွဲပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
အဆုံးထိကျစ်ပြီး သားရေကွင်းစည်းပါ။
အပေါ်ဘက်ထုံးထားသော ဆံပင်ပေါ်အုပ်၍ ကလစ်ထိုးပါ။
အစသိမ်းပြီး ကလစ်ထိုးပါ။
အလှဆင်ပါ။