အလှူပွဲ၊ မင်္ဂလာပွဲများသွားလျှင်ထုံးလို့ရပြီး ကြော့ရှင်းသော မိန်းကလေးတစ် ယောက်ရဲ့အမူအရာကို ပေါ်လွင်အောင် နောက်တွဲဖန်စီဆံထုံးကို ပျိုမေတို့အတွက် ထပ်မံ ဖန်တီးပြုလုပ်ပေးထားပါတယ်။
1.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို ပုံတွင်ပြထားသည့်အတိုင်းနောက်သို့ယူစည်းပါ။
2.အလယ်မှအပေါက်ဖောက်ပါမည်။
စည်းထားသော ဆံပင်၏အပေါ်အလယ်ပိုင်းကို အပေါက်ဖောက်ပါ။
3.အမြှီးပိုင်းကို ဆွဲချပါမည်။
အမြှီးပိုင်းကို ပုံတွင်ပြထားသည့်အတိုင်း အောက်သို့ဆွဲချပါ။
4.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
5.နောက်တွဲပုံစံပြုလုပ်ပါမည်။
အမြှီးပိုင်းကို အပေါ်ထောင်၍ ဟနေသော အပေါက်ထဲသို့ အနည်းငယ်ပဲခေါက် ထည့်ပါ။
6.ကလစ်တွယ်ပါမည်။
ဘေးဘက်နှစ်ဖက်ကို ဦးရေပြားနှင့် ကပ်၍ အတွင်းထဲသို့ ကလစ်တွယ်ပါ။