လွယ်ကူရိုးရှင်းပြီး ကိုယ်တိုင်လုပ်ရလွယ်အောင်လို့ အဆင့်ဆင့်လေး ပြပေးထားပါတယ်နော်။
1.မုန့်ကြိုးလိမ်အကပ်လေး ကျစ်ပါမယ်။
ရှေ့ဆံပင်ကို အလယ်ခွဲထားပါ။
နောက်ဘက်ကိုလည်း အလယ်ခွဲထားပါ။
တစ်ဘက်ခြမ်းမှ ရှေ့ဆံပင်အနည်းငယ်ကိုယူပါ။
နှစ်စခွဲထားပါ။
လိမ်လိုက်ပါ။
2.နှစ်ဖက်ခွဲဆံထုံး လေးလုပ်ပေးပါ။
အတွင်းဘက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
နောက်ထပ်အပြင်ဘက်မှ ဆံပင်အနည်းငယ်ကိုလည်းယူပါ။
လိမ်ထားသောအစနှစ်ခုလုံးနှင့် ရောယူပါ။
နှစ်စကို ပေါင်းလိမ်ပါ။
အဆုံးထိလိမ်သွားပါ။
နောက်တစ်ဖက်ကိုလည်း အဆုံးထိလိမ်သွားပါ။
ခွေပြီးကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်ကိုလည်း ခွေပြီးကလစ်ဖြင့်ထိုးပါ။