ဆံထုံးထုံးပုံလေးများကို သီရိကတစ်ဆင့်ချင်းစီ တင်ပြလိုက်ပါတယ်။
1.ဆံထုံးထုံးပါမယ်။
ဆံပင်တစ်ဝက်ယူပြီး ကလစ်ဖြင့်ထိုးပါမယ်။
အောက်မှကျန်နေသောဆံပင်ကို အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းပြုလုပ်ပါမယ်။
အောက်မှကျန်နေသောဆံပင်ကို ကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ဆံထုံးပေါ်တွင်တင်ပြီး ကလစ်ဖြင့်ထိုးပါမယ်။