အဆင့်ဆင့်လေးတွေ သေချာပြပေးထားလို့ လိုက်လုပ်ကြည့်ဖို့ မမေ့နဲ့နော်။
1.ပန်းပွင့်ဆံထုံးစလုပ်ပါ။
ဆံပင်ကို မြင့်မြင့်လေးစုစည်းပါ။
အပေါ်ဘက်မှ ဆံပင်အနည်းငယ်ကိုယူ၍ အတွင်းထည့်လိပ်ပေးပါ။
စည်းထားသော ဆံပင်ကပ်လျှက်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ်ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
အတွင်းထည့်လိပ်ပေးပါ။
စည်းထားသော ဆံပင်ကပ်လျှက်တွင် ကလစ်ဖြင့်ထိုးပါ။
2.ဆက်လုပ်ပါ။
အလယ်မှ ဆံပင်အနည်းငယ်ကို ယူပါ။
အပေါ်ဘက်သို့ ဘဲညှပ်ဖြင့်ယူပြီး ထိန်းထားပါ။
နောက်ထပ်ဘေးဘက်မှ ဆံပင်ကိုယူပြီးအတွင်းထည့်လိပ်ပါ။
စည်းထားသော ဆံပင်ကပ်လျှက်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ဆုံးတစ်ခုကိုလည်း ဆက်လုပ်သွားပါ။
3.မုန့်ကြိုးလိမ်ထည့်ခွေပေးပါ။
ချန်ထားသောဆံပင်ကို နှစ်စခွဲပါ။
မုန့်ကြိုးလိမ်လိမ်သွားပါ။
ခွေပြီးကလစ်ဖြင့်ထိုးပါ။