Donut ကွင်းအလှဆံထုံးကို Alice က တစ်ဆင့်ချင်းစီတင်ပြပေးမှာ ဖြစ်ပါတယ်။
1.ဆံပင်စည်းပါမယ်။
ဆံပင်ကို တစ်ဝက်အရင်စည်းပေးရပါမယ်။
Donut ကွင်းစွပ်ပေးပါ။
ဆံပင်တွေကိုဖြန့်ချပေးရပါမယ်။
ခေါင်းစည်းကြိုးဖြင့်အပေါ်ကနေ စည်းပေးရပါမည်။
ကျန်ဆံပင်စတွေကို စု၍လိမ်ပေးပါ။
ပတ်ပြီးကလစ်ဖြင့်ထိုးပေးရပါမယ်။
2.ဆံထုံးကို ပတ်ပေးပါမည်။
အောက်မှကျန်သောဆံပင်ကို နှစ်ခုခွဲ၍တစ်ကိုယူပေးရပါမယ်။
အပေါ်ကဆံထုံးကိုပတ်ပေးရပါမည်။
ကလစ်ဖြင့်ထိုးပေးပါ။
ကျန်ဆံပင်ကိုလည်းပတ်ပြီး ကလစ်ဖြင့်ထိုးပေးရပါမယ်။
ပန်းဖြင့်အလှဆင်ပါမယ်။