အဆင့်ဆင့်လေးပြပေးထားလို့လိုက်လုပ်ရလွယ်ကူမယ်လို့ မျှော်လင့်ပါတယ်။
1.ခေါင်းပတ်ဘီးကုပ်လေးအရင်တပ်ပေးပါ။
ရှေ့ဆံပင်ကိုအလယ်ခွဲထားပါ။
နားနောက်မှနှစ်ပိုင်းခွဲပါ။
နောက်ဘက်မှဆံပင်ကိုခဏစည်းထားပါ။
ခေါင်းပတ်ဘီးကုပ်လေးတပ်ပေးပါ။
ရှေ့ဘက်တွင်အစနှစ်ခုကိုလိမ်လိုက်ပါ။
2.ရှေ့ဆံပင်နှင့်နောက်ဆံပင်အနည်းငယ်ကို ယူပြီးစည်းပါ။
ရှေ့မှချန်ထားသောဆံပင်နှင့်နောက်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
သားရေကွင်းဖြင့်စည်းပါ။
အတွင်းဘက်မှလက်လျှိုပြီးစည်းထားသောဆံပင်ကိုယူပါ။
ဆွဲချလိုက်ပါ။
နောက်တစ်ဖက်ကိုလည်းဆက်လုပ်ပါ။
3.အလယ်မှဆံပင်ကိုစည်းပြီးအတွင်းထည့်လိမ်ပါ။
ကျန်ဆံပင်ကိုစည်းလိုက်ပါ။
အတွင်းဘက်မှလက်လျှိုပြီးစည်းထားသောဆံပင်ကိုယူပါ။
ဆွဲချလိုက်ပါ။
4.ဘေးနှစ်ဖက်မှဆံပင်ကိုအလယ်စည်းထားသော ဆံပင်ကြားထဲထည့်ပါ။
ဘေးဘက်မှဆံပင်ကိုလည်းစည်းထားသောအလယ်ထဲတွင်ထည့်ပါ။
နောက်တစ်ဖက်ကိုလည်းထည့်ပါ။
ဖွပေးပါ။
အလှဆင်ပါ။