ဆံပင်ပုံစံအဆန်းနှင့် ချစ်စဖွယ်ပုံစံကို ပေါင်းစပ်ထားသော အ၀ိုင်းနှစ်ထပ် ဖဲပြားကို ဆံပင်ရှည်သူများနှင့် ဆံထုံးထုံးခြင်းကို နှစ်သက်သော ပျိုမေတို့အတွက် ယုယုမှ ဖန်တီးပေးထားပါတယ်။
1.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို နောက်သို့စုစည်းပါ။
2.နှစ်ပိုင်းခွဲပါမည်။
စည်းထားသော ဆံပင်မှ ညာဘက်ဆံပင်ကို အနည်းငယ်ချန်ပြီး ဘယ်ဆံပင်ကို အ၀ိုင်းထဲသို့သွင်းပါ။(*အနည်းငယ်ချန်ခဲ့သောဆံပင်ကို ကလစ်ဖြင့် ညှပ်ထားပါ။)
3.ဆံပင်ကို ဖြန့်ပါမည်။
အ၀ိုင်းပေါ်တွင် ဆံပင်ကို ဖြန့်ပါ။ (*အနည်းငယ်ချန်ခဲ့သော ဆံပင်ကို ဖုံးသွားပါမည်။)
4.သားရေကွင်းဖြင့် ချည်ပါ။
ပုံတွင်ပြထားသည့်အတိုင်း အ၀ိုင်းနေရာပေါ်မှ သားရေကွင်းဖြင့်အုပ်ပြီးချည်ပါ။
5.ပြန့်နေသော ဆံပင်ကို အလိမ်လုပ်သွားပါမည်။
အ၀ိုင်းအောက်ဘက်၌ပြန့်နေသော ဆံပင်ကို အနည်းငယ်ယူ၍ အလိမ်လုပ်ပါ။
6.နောက်ထပ်ဆံပင်အနည်းငယ်ထပ်ယူပါ။
အလိမ်လုပ်ထားသော ဆံပင်၏အောက်ဘက်၌ပြန့်နေသော ဆံပင်ကို အနည်းငယ်ထပ် ယူပြီးပေါင်းလိတ်သွားပါ။
7.အမြှီးပိုင်းကို သိမ်းပါမည်။
လိတ်ထားသော ဆံပင်ကြားထဲသို့ အမြှီးပိုင်းကို ၀ှိုက်ပြီးသွင်းပါ။
8.ကလစ်ထိုးပါမည်။
အမြှီးပိုင်းသိမ်းထားသော နေရာကို ကလစ်ထိုးပါ။
9.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
10.သားရေကွင်းချည်ပြီးဖဲပြားလုပ်ပါမည်။
အနည်းငယ်ချန်ထားသော ဆံပင်၏ထိပ်ဆုံးကို သားရေကွင်းနှစ်ပတ်လောက်ချည်ပါ။ (*သုံးပတ်မြောက်တွင် သားရေကွင်းကို ဟထားပါ။)
11.ညာဘက်ခြမ်းဖဲပြားပြုလုပ်ပါမည်။
သားရေကွင်းသုံးပတ်မြောက်တွင် ညာဘက်ဆံပင်ကိုတစ်ချက်ခေါက်ထားပြီး သားရေကွင်းကို ဟထားပါ။
12.ဘယ်ဘက်ခြမ်းဖဲပြားပြုလုပ်ပါမည်။
ဟထားသော သားရေကွင်းထဲသို့ ဘယ်ဘက်ခြမ်းသို့ တစ်ချက်ခေါက်ထည့်လိုက်ပါ။
13.ပုံတွင်ပြထားသည့်အတိုင်း ဖြစ်သွားပါမည်။
14.အမြှီးပိုင်းကို ခေါက်သိမ်းပါမည်။
ဖဲပြားအလယ်၌ကျန်နေသော အမြှီးပိုင်းကို အပေါ်သို့ ခေါက်သိမ်းလိုက်ပါ။
15.ကလစ်ထိုးပါမည်။
အပေါ်သို့ခေါက်သိမ်းထားသော နေရာကို ကလစ်ထိုးပါ။
16.ဘယ်ညာကလစ်ထိုးပါမည်။
ဖဲပြား၏ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း၏အတွင်းထဲသို့ ကလစ်ထိုးပါ။