အဆင့်ဆင့်လေးတွေ သေချာပြပေးထားလို့ လိုက်လုပ်ကြည့်ဖို့ မမေ့နဲ့နော်။
1.အပေါ်ဆံပင်တစ်ဝက်ကို ဖောင်းဖောင်းလေးလုပ်ပေးပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
ရှေ့ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်သို့ ဘီးဖြင့်သပ်ရပ်အောင် ပြန်ဆွဲယူပါ။
ဖောင်းဖောင်းလေး လုပ်ပြီးကလစ်ဖြင့်ထိုးပါ။
2.ဘေးဆံပင်နှစ်ဖက်ကို ခေါက်ပြီးကလစ်ဖြင့်ထိုးပါ။
အောက်ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ခေါက်ပြီးကလစ်ဖြင့်ထိုးပါ။
နောက်တစ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို ခေါက်ပြီးကလစ်ဖြင့်ထိုးပါ။
3.ကျန်ဆံပင်တွေကိုထပ်လုပ်သွားပါ။
ကျန်ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ယူထားသောဆံပင်ကိုခေါက်ပြီး တစ်ခြားဘက်တွင် ကလစ်ဖြင့်ထိုးပါ။
နောက်ထပ်ဆံပင်ကိုလည်း ထပ်လုပ်သွားပါ။
ပိုသောအစလေးကို ယူပါ။
အတွင်းဘက်ထဲ ထည့်ပြီးကလစ်ထိုးပါ။
4.ကျန်အစကို နှစ်စခွဲယှက်ပါ။
ကျန်နေသောအစကို နှစ်ခုထပ်ခွဲပါ။
ယှက်လိုက်ပါ။
ခွေပြီးကလစ်ဖြင့်ထိုးပါ။
နောက်တစ်စကိုလည်း ခွေပြီးကလစ်ဖြင့်ထိုးပါ။
အလှဆင်ပါ။