ရိုးရိုးယဉ်ယဉ်လေးဝတ်ပြီး ဆံပင်ပုံစံကိုစဉ်းစားမရသော ပျိုမေတို့အတွက် ရိုးရိုးလေးနဲ့လူအများ ငေးကြည့်ချင်စရာကောင်းတဲ့ ကျစ်ဆံမြှီးတစ်ဝက်အလှစည်းနည်း လေးကို ဖန်တီးပြုလုပ်ပေးလိုက်ပါတယ်။
1.အနည်းငယ်ယူပါ။
အရှေ့ဆံပင်အနည်းငယ်ကိုနောက်သို့ယူပါ။
2.သုံးချောင်းထိုးကျစ်ပါ။
အနည်းငယ်ယူထားသော ဆံပင်ကိုသုံးချောင်းထိုးကျစ်ဆံမြှီးကျစ်ပါ။ (*အမြှီးထိကျစ် သွားပါ။)
3.အနည်းငယ်ထပ်ယူပါ။
ဘယ်ဘက်ခြမ်းဆံပင်ကို အနည်းငယ်နောက်သို့ယူပါ။
4.အပေါက်ဖောက်ပါမည်။
လက်ညှိုးပြထားသော ကျစ်ဆံမြှီးနေရာကို အပေါက်ဖောက်ပါမည်။
5.အပြင်ထုတ်ပါမည်။
အနည်းငယ်ယူထားသောဆံပင်ကိုကျစ်ဆံမြှီးအပေါက်ထဲသို့ သွင်းပြီးအမြှီးပိုင်းကို အောက်သို့ဆွဲချထားပါ။
6.အနည်းငယ်ထပ်ယူပါ။
ညာဘက်ခြမ်းဆံပင်ကို အနည်းငယ်နောက်သို့ယူပါ။
7.အပြင်ထုတ်ပါမည်။
အနည်းငယ်ယူထားသောဆံပင်ကိုကျစ်ဆံမြှီးအပေါက်ထဲသို့ သွင်းပြီးအမြှီးပိုင်းကို အောက်သို့ဆွဲချထားပါ။
8.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
၁ဆင့်ပြီးဆုံးသွားသော ပုံဖြစ်ပါသည်။ (သုံးဆင့် ပြုလုပ်ပါမည်။)
9.အနည်းငယ်ထပ်ယူပြီး အပြင်ထုတ်ပါ။
ဘယ်ဘက်ခြမ်းဆံပင်ကိုအနည်းငယ်ထပ်ယူပြီး ကျစ်ဆံမြှီးအပေါက်ထဲသို့သွင်းပြီး အမြှီးပိုင်းကို အောက်သို့ဆွဲချပါ။
10.အနည်းငယ်ထပ်ယူပြီး အပြင်ထုတ်ပါ။
ညာဘက်ခြမ်းဆံပင်ကိုအနည်းငယ်ထပ်ယူပြီး ကျစ်ဆံမြှီးအပေါက်ထဲသို့သွင်းပြီး အမြှီးပိုင်းကို အောက်သို့ဆွဲချပါ။
11.နှစ်ဆင့်ပြီးဆုံးသွားပါပြီ။
12.ဆက်လက်လုပ်ဆောင်သွားပါ။
တစ်ဆင့်ကျန်တာကို အပေါ်အဆင့်များအတိုင်းဆက်လက်လုပ်ဆောင်သွားပါ။
13.ကလစ်ထိုးပါမည်။
အောက်သို့ဆွဲချထားသော အမြှီးပိုင်းလေးတွေအပေါ်ကို ပြန်ကန်မထွက်အောင် ကလစ်ထိုးပါ။