လေ့လာသင်ယူနေသူများအတွက် အလွယ်တကူ လေ့ကျင့်နိုင်အောင်လို့ အဆင့်ဆင့်လေး ဖော်ပြပေးထားပါတယ်နော်။
1.အပေါ်ဆံပင်တစ်ဝက်ကို ဖောင်းဖောင်းလေး လုပ်ပေးပါ။
အပေါ်ဆံပင်တစ်ဝက်ကိုယူ၍ လှန်တင်ထားပါ။
ကျန်ဆံပင်ကို နှစ်စထပ်ခွဲပါ။
လှန်တင်ထားသောဆံပင်ကို အနည်းငယ်စီယူ၍ ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်အားလုံးကို နောက်သို့ယူ၍ သပ်ရပ်အောင်ဖြီးထားပါ။
ဖောင်းဖောင်းလေးလုပ်၍ လိမ်ထားပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို လိမ်လိုက်ပါ။
အတွင်းထဲသို့ ခေါက်ထည့်၍ ကလစ်ဖြင့်ထိုးပါ။
ကျန်ဆံပင်ကိုဖြည်ချ၍ အလယ်မှ ဆံပင်အနည်းငယ်ကို ယူပါ။
ယူထားသောဆံပင်ကို အပေါ်ဘက်သို့ လှန်တင်ပါ။
ကလစ်ဖြင့် အလယ်နေရာလောက်တွင်ထိုးပါ။
3.အောက်ဘက်မှ ကျန်ဆံပင်ကို ဘယ်ညာအယှက်ယူပါ။
ညာဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို ယူပါ။
တစ်ဖက်ခြမ်းသို့ ယူ၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို တစ်ဖက်ခြမ်းသို့ ယူ၍ကလစ်ဖြင့်ထိုးပါ။
ညာဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ဖက်ခြမ်းသို့ ယူ၍ကလစ်ဖြင့်ထိုးပါ။
4.ကျစ်ဆံမြှီးကျစ်ပေးပါ။
ဘယ်ဘက်ခြမ်းမှ ဆံပင်အနည်းငယ်ကို တစ်ဖက်ခြမ်းသို့ ယူ၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်ခြမ်းမှ ကျန်ဆံပင်အနည်းငယ်ကို သုံးစခွဲထားပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
အပေါ်ဆုံးနေရာတွင် ကလစ်ဖြင့်ထိုးပါ။
5.နှင်းဆီပွင့်ခွေပေးပါ။
ပိုနေသောအစအကုန်လုံးကို သုံးစခွဲထားပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
အတွင်းဘက်သို့ ခွေ၍ကလစ်ထိုးပါ။