ဆံပင်တိုပြီး ဆံထုံးထုံး မရလို့စိတ်ညစ်နေရသော သူတို့အတွက် ယုယုမှ လွယ်ကူရိုးရှင်းပြီး ကိုယ်တိုင်ထုံးလို့ရသော မြင်းမြှီးဆံထုံးထုံးနည်းလေးကို ဖန်တီးပေးလိုက် ပါတယ်။
1.ဖြန့်ချထားပါ။
ဆံပင်အားလုံးကို နောက်သို့ဖြန့်ချထားပါ။
2.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို နောက်တွင်စုစည်းပါ။
3.နောက်သို့ဆွဲချပါမည်။
စည်းထားသော သားရေကွင်းကို နောက်သို့အနည်းငယ်ဆွဲချလိုက်ပါ။
4.အလယ်ခွဲပါမည်။
အပေါ်ပိုင်းကိုပဲ အလယ်မှပုံတွင်ပြထားသည့်အတိုင်းခွဲပါ။ (*အောက်ပိုင်းထိခွဲလျှင် ဆံထုံးပုံမထွက်တော့ပါ။)
5.ခွဲထားသော ဆံပင်ထဲသို့ထည့်ပါမည်။
အလယ်ခွဲထားသော ဆံပင်ထဲသို့ စည်းထားသော ဆံပင်ကို ထည့်ပါ။ (*ဆံပင်နည်းနည်းရှည်သော သူများက လိတ်ပြီးထည့်ပါ။)
6.ပုံတွင်ပြထားသည့်အတိုင်းဖြစ်သွားပါမည်။
7.ကလစ်ထိုးပါမည်။
ဟနေသော ဆံပင်ကို ဘယ်ညာနှစ်ဖက်ဆံပင်အနည်းငယ်စီကို အလယ်သို့ယူပြီး ကလစ်ထိုးပါ။
8.အလှဆင်ပါမည်။
ပန်းပွင့်ဆံထိုးဖြင့် ကလစ်ထိုးထားသော နေရာအနီးတ၀ိုက်ကို အလှဆင်ပါ။