ဆံထုံးထုံးခြင်းကို နှစ်သက်သူတို့နှင့် ဆံထုံးပုံစံအသစ်များကို စောင့်မျှော်နေ သော ပျိုမေတို့အတွက် လွယ်ကူရိုးရှင်းသော ပွင့်ဖတ်ဆံထုံးပုံစံကို ဖန်တီးပေးထားပါတယ်။
1.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို နောက်သို့စုစည်းပါမည်။
2.အနည်းငယ်ယူပါမည်။
စည်းထားသော ဆံပင်မှ ညာဘက်ခြမ်းဆံပင်အနည်းငယ်ကိုယူပါမည်။(*စည်းထား သောဆံပင်ကို ပွင့်ဖတ်လေးဖတ်ပြုလုပ်ပါမည်။ လိုသလောက်ချိန်ပြီး ဆံပင်ကို ယူပါ။)
3.အတွင်းသို့လိတ်ပါမည်။
အနည်းငယ်ယူထားသော ဆံပင်ကို အမြှီးပိုင်းမှနေ၍ အတွင်းသို့လိတ်သွားပါ။
4.ကလစ်ထိုးပါမည်။
လိတ်ထားသော ဆံပင်၏အတွင်းထဲသို့ ဘယ်ညာနှစ်ဖက်လုံးကို ကလစ်ထိုးပါ။
5.နောက်ထပ်ဆံပင်အနည်းငယ်ယူပါမည်။
စည်းထားသော ဆံပင်ထဲမှ အပေါ်ပိုင်းဆံပင်အနည်းငယ်ကိုယူပါ။
6.အတွင်းသို့လိတ်ပါမည်။
အနည်းငယ်ယူထားသော ဆံပင်ကို အမြှီးပိုင်းမှနေ၍ အတွင်းသို့လိတ်သွားပါ။
7.ကလစ်ထိုးပါမည်။
လိတ်ထားသော ဆံပင်၏အတွင်းထဲသို့ ဘယ်ညာနှစ်ဖက်လုံးကို ကလစ်ထိုးပါ။
8.နောက်ထပ်ဆံပင်အနည်းငယ်ထပ်ယူပါမည်။
စည်းထားသော ဆံပင်မှ ညာဘက်ခြမ်းဆံပင်အနည်းငယ်ကိုယူပါ။
9.အတွင်းသို့လိတ်ပြီးကလစ်ထိုးပါမည်။
အနည်းငယ်ယူထားသော ဆံပင်ကို အမြှီးပိုင်းမှနေ၍ အတွင်းသို့လိတ်ပြီး ဘယ်ညာ ကလစ်ထိုးပါ။
10.နောက်ဆုံးအဆင့်ရောက်ပါပြီ။
အနည်းငယ်ကျန်သော ဆံပင်ကို အမြှီးပိုင်းမှနေ၍ အတွင်းသို့လိတ်ပြီး ဘယ်ညာ ကလစ်ထိုးပါ။