ချစ်ဖို့ကောင်းတဲ့ ဆံပင်စည်းနည်းလေးဖြစ်လို့ လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်လေး တင်ပေးလိုက်တယ်နော်။
1.ဆံပင်ကို နှစ်ဖက်အရင်ခွဲပါ။
ရှေ့ဆံပင်ကို နှစ်စခွဲပါ။
ဆံပင်ကို အလယ်မှ နှစ်ဖက်ခွဲပါ။
သားရေကွင်းဖြင့် ခဏစည်းပါ။
2.ဆံပင်နှစ်ဖက်ကို ကြက်ခြေခတ် ပုံစံချည်သွားပါ။
ရှေ့ဘက်မှ ဆံပင်နှစ်စကိုယူပါ။
ယူထားသောနှစ်စကို အောက်ဘက်တွင် ယှက်လိုက်ပါ။
ယှက်ယူထားသော နှစ်စကို အပေါ်ဘက်သို့ယူပါ။
အောက်ဘက်တွင် ယှက်ပြီးအပေါ်ဘက်သို့ ထပ်ယူပါ။
အပေါ်ဘက်တွင်ပတ်ပြီး အောက်ဘက်ထဲ ထည့်ပါ။
အောက်ဘက်ထဲတွင် သားရေကွင်းဖြင့်စည်းပါ။
3.ငါးရိုးကျစ်ဆံမြှီးလေး ကျစ်ပေးပါ။
ပုံတွင်ပြထားသလို ပုံစံလေးဖြစ်သွားပါပြီ။
ကျန်ဆံပင်မှ ဆံပင်နှစ်စကို ခွဲယူပါ။
အပေါ်ဘက်တွင် နှစ်ခုကို ယှက်လိုက်ပါ။
ညာဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
တစ်ခြားဘက်သို့ပို့လိုက်ပါ။
ဘယ်ဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
တစ်ခြားဘက်သို့ပို့လိုက်ပါ။
4.အဆုံးထိကျစ်ပြီးဖွပေးပါ။
အဆုံးထိကျစ်သွားပါ။
ဘေးနားလေးတွေ ဖွပေးပါ။
သားရေကွင်းဖြင့်စည်းပါ။