ဆံထုံးထုံးခြင်းကို နှစ်သက်သူတို့အတွက် ပန်းတင်ဆံထုံးလေးကို အလှူပွဲ၊ မင်္ဂလာပွဲများသွားရာတွင်အလွယ်တကူထုံးလို့ရအောင် ဖန်တီးပြုလုပ်ပေးထားပါတယ်။
1.ဆံပင်စည်းပါမည်။
ဘယ်ညာ ဆံပင်ကို အနည်းငယ်စီချန်ပြီး ကျန်ဆံပင်အားလုံးကို နောက်သို့စုစည်းပါ။
2.သားရေကွင်းချည်ပါမည်။
အမြှီးပိုင်းကို မရောက်တစ်ရောက်နားကို သားရေကွင်းစည်းပါ။
3.လိတ်တင်ပြီး ဆံထုံးပြုလုပ်ပါမည်။
အမြှီးပိုင်းစည်းထားသော ဆံပင်ကို အပေါ်သို့လိတ်ပြီး ဦးရေပြားနှင့် ကပ်ပြီး ကလစ်ထိုးပါ။ (*ကလစ်ကိုဟနေသော နေရာများကို လိုက်ထိုးပါ။)
4.ပုံတွင်ပြထားသည့်အတိုင်း ဖြစ်သွားပါမည်။
5.သုံးပိုင်းခွဲပါ။
ဘယ်ဘက်ခြမ်းဆံပင်ကိုသုံးပိုင်းခွဲပါ။
6.နောက်သို့ယူပါ။
သုံးပိုင်းခွဲထားသော ဆံပင်မှ နောက်ဆုံးပိုင်းကို နောက်သို့ယူပါ။
7.အခွေလုပ်ပါမည်။
နောက်သို့ယူလာသော ဆံပင်ကို အောက်ဘက်သို့အ၀ိုင်းပုံစံလေးလိတ်သွားပါ။ (*ဆံပင်တစ်ဝက်လောက်အထိပဲ ခွေပါ။)
8.ကလစ်ထိုးပါ။
ခွေလာသော ဆံပင်ကို ဆံထုံးအပေါ်တင်ပြီး ကလစ်ထိုးပါ။
9.နောက်တစ်ပိုင်းထပ်ယူပါ။
နှစ်ပိုင်းကျန်သော ဆံပင်မှ နောက်ဆုံးပိုင်းကို နောက်သို့ယူပါ။
10.ခွေပြီးတင်ပါ။
နောက်သို့ယူလာသော ဆံပင်ကို အောက်ဘက်သို့အ၀ိုင်းပုံစံခွေပြီး ဆံထုံးပေါ်သို့ တင်ပါ။
11.ကလစ်ထိုးပါ။
12.ခွေပြီးတင်ပါ။
နောက်သို့ယူလာသော ဆံပင်ကို အောက်ဘက်သို့အ၀ိုင်းပုံစံခွေပြီး ဆံထုံးပေါ်သို့ တင်ပါ။
13.ကလစ်ထိုးပါ။
14.ဆက်လက်လုပ်ဆောင်သွားပါ။
ညာဘက်ခြမ်းဆံပင်ကို လည်းဘယ်ဘက်ခြမ်းအတိုင်းဆက်လက်လုပ်ဆောင်သွားပါ။