ပျိုမေများစည်းရတာလွယ်ကူပြီး အချိန်ကုန်သက်သာစေရန်အတွက် တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံပင်စည်းပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပြီးကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းလုပ်ပါမယ်။
အရှေ့မှချန်ထားသော ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
နောက်ထပ်ဆံပင် အနည်းငယ်ကိုယူပြီး လိမ်ပါမယ်။
ဘေးမှကျန်နေသော ဆံပင်ကို ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ပါမယ်။
တစ်ဝက်လိမ်ပြီး အနောက်တွင် ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်း ဆက်လက်လုပ်ဆောင်ပါ။
အောက်မှကျန်နေသောဆံပင်အားလုံးကို စုစည်းလိုက်ပါမယ်။
စည်းထားသောဆံပင်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
အဆုံးထိပတ်ပြီး ကလစ်ဖြင့်ထိုးပါ။
Fancy ဖြင့်အလှဆင်ပါမယ်။