ကိုယ်တိုင်လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်လေး ပြထားသလို သူများကိုလည်း လုပ်ပေးလို့လွယ်တဲ့ ပုံစံလေးပါနော်။
1.ဆံပင်လေးတွေ အဆင့်ဆင့်စည်းပါ။
ဆံပင်ကို နှစ်ဖက်ခွဲပါ။
ရှေ့ဆံပင်အနည်းငယ်ကို ယူ၍သားရေကွင်းဖြင့် စည်းပါ။
နောက်တစ်လွှာကို ထပ်စည်းပါ။
ရှေ့မှစည်းထားသောဆံပင်ကို နှစ်စထပ်ခွဲပါ။
နှစ်စခွဲထားသောဆံပင်ကြားထဲသို့ နောက်ဘက်မှဆံပင်ကို ရှေ့သို့ခဏယူထားပါ။
ရှေ့ဘက်မှနှစ်စနှင့် နောက်ဘက်မှတစ်လွှာကို ထပ်စည်းပါ။
2.ဆက်လက်လုပ်ဆောင်ပါ။
ဒုတိယစည်းထားသောဆံပင်ကို နှစ်စထပ်ခွဲပါ။
နှစ်စခွဲထားသောဆံပင်ကြားထဲသို့ နောက်ဘက်မှဆံပင်ကို ရှေ့သို့ ခဏယူထားပါ။
ရှေ့ဘက်မှနှစ်စနှင့် နောက်ဘက်မှတစ်လွှာကို ထပ်စည်းပါ။
အဆင့်ဆင့်လေး ထပ်စည်းသွားပါ။
ဖွပေးပါ။
နောက်တစ်ဖက်ကိုလည်း အဆင့်ဆင့်လေးစည်း၍ ဖွပေးပါ။