ဖဲပြားပုံစံစည်းနည်းကို Alice က တစ်ဆင့်ခြင်းဆီတင်ပြပေးမှာဖြစ်ပါတယ်။
1.ဆံပင်စည်းပါမယ်။
ဆံပင်ကို အမြင့်စည်းပေးရပါမယ်။
စည်းထားသောဆံပင်ဘေးမှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို လျော့လျော့လေးစည်းပေးပါ။
နောက်ထပ်ဆံပင်အနည်းငယ်ကိုထပ်ယူပါမယ်။
ဆံပင်ကိုခပ်လျော့လျော့လေးထပ်စည်းပါမယ်။
စည်းထားသော ဆံပင်တစ်ခုကို အတွင်းသို့ခေါက်ပေးပါ။
ကလစ်ဖြင့်ထိုးပါမယ်။
ကျန်ဆံပင်တစ်ဖက်ကိုလည်း ခေါက်ပေးပါ။
ကလစ်ဖြင့် ထိုးပါမယ်။
2.ကျစ်ဆံမြှီး စကျစ်ပါမယ်။
အပေါ်မှကျန်သော ဆံပင်ကိုယူပေးပါ။
ယူထားသောဆံပင်ကို သုံးချောင်းခွဲပေးပါ။
ကျစ်ဆံမြှီးကျစ်ပါ့မယ်။
အဆုံးထိမကျစ်ပဲ ကိုယ်လိုသလောက်ထိပဲ ကျစ်ပေးပါ။
fancy ဖြင့်အလှဆင်ပါမယ်။