လွယ်ကူအောင်ထုံးဖွဲ့ပြထားသော ဆံထုံးအသစ်လေးကို ပျိုမေလေးများကလည်း အောက်မှာဝင်ကြည့်ပေးနော်။
1.ကျစ်ဆံမြှီးကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်စီကိုယူ၍သုံးချောင်းခွဲပေးပါ။
ထိပ်ဆုံးမှဆံပင်တစ်ချောင်းကိုယူကာကျစ်ဆံမြှီးကျစ်ပေးပါ။
ကျစ်ဆံမြှီးကိုအဆုံးထိကျစ်ပေးပါ။
နောက်တစ်ချောင်းကိုလည်းကျစ်ဆံမြှီးကျစ်ပေးပါ။
ကျန်သောတစ်ချောင်းကိုလည်းကျစ်ဆံမြှီးကျစ်ပေးပါ။
2.တစ်ဝက်ဆံထုံးထုံးပါ။
အနောက်မှကျန်ဆံပင်ကိုတစ်ဝက်ခွဲ၍အပေါ်မှဆံပင်ကိုယူပါ။
အပေါ်မှဆံပင်အားလုံးကိုဘီးဖြင့်ခြစ်ပေးပါ။
ခြစ်ထားသောအပေါ်မှဆံပင်ကိုညီအောင်ပြန်ဖြီးပေးပါ။
အနည်းငယ်လိမ်၍အပေါ်ကိုအနည်းငယ်တွန်းတင်ပေးပါ။
ကလစ်ဖြင့်သေချာထိုးပေးပါ။
အရှေ့မှကျစ်ဆံမြှီးသုံးချောင်းကိုယူပါ။။
ကျစ်ဆံမြှီးကိုဆံထုံးကိုအုပ်၍ကလစ်ထိုးပေးပါ။
3.အလှဆင်ပေးပါ။
ကြိုက်နှစ်သက်ရာဖြင့်အလှဆင်ပါ။