ဒီဇိုင်းလန်းလန်းလေးတွေဝတ်ပြီး ဆံပင်ပုံစံကို မစဉ်းစား တတ်သောပျိုမေတို့ အတွက် လွယ်ကူသောဂျပန်စတိုင်လ်အမြင့်အပွဖန်စီဆံထုံးကို ဆယ်ကျော်သက် အရွယ်ပျိုမေ တို့အတွက်ဖန်တီးထားပါတယ်။
1.ဆံပင်စည်းပါမည်။
ဆံပင်အားလုံးကို အနောက်သို့မြင့်မြင့်လေးစုစည်းလိုက်ပါ။
2.နှစ်ပိုင်းခွဲပါမည်။
စုစည်းထားသော ဆံပင်ကို အညီအမျှနှစ်ပိုင်းခွဲပါ။
3.ဖွပါမည်။
ညာဘက်ခြမ်းဆံပင်ကို ဘီးဖြင့် Teast ခြစ်ပါ။(*Teast ခြစ်သည်ဆိုသည်မှာ ဘီးဖြင့် ဆံပင်ကို အပေါ်အောက်ဆွဲခြစ်ပြီးဖွသည်ကို ဆိုလိုသည်။)
4.ပတ်ပါမည်။
ဘယ်ဘက်ခြမ်းဆံပင်ကို လက်ဖြင့်တစ်ဖက်ကကိုင်ထားပြီး Teast ခြစ်ထားသောဆံပင် ကို ဘယ်ဘက်ခြမ်းဆံပင်၏အောက်ဘက်တွင် ခွေသွားပါ။
5.ကလစ်ထိုးပါမည်။
လိတ်ထားသော ဆံပင်ကို ကလစ်ထိုးပါ။
6.Teast ခြစ်ပါမည်။
ကျန်သော ဆံပင်ကို အပေါ်ထောင်ပြီး ဘီးဖြင့် အပေါ်အောက်ဆွဲဖွပါ။(*Teast ခြစ်သည်ဆိုသည်မှာ ဘီးဖြင့် ဆံပင်ကို အပေါ်အောက်ဆွဲခြစ်ပြီးဖွသည်ကို ဆိုလိုသည်။)
7.ပတ်ပါမည်။
Teast ခြစ်ထားသော ဆံပင်ကို ပထမပတ်ထားသော ဆံပင်ပေါ်သို့ ပတ်လိုက်ပါ။
8.ကလစ်ထိုးပါမည်။
ပတ်ထားသော ဆံပင်ကို ကလစ်ထိုးလိုက်ပါ။