ကိုယ်တိုင်လိုက်လုပ်ကြည့်လို့ရအောင် တစ်ဆင့်ချင်းစီ ဖော်ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1.ဆံပင်အတိုလေးကို ချစ်ဖို့ကောင်းတဲ့ ဘီးကုပ်ကျစ်ဆံမြှီးလေး စလုပ်ပါမယ်။
နှိုင်းရဲ့ဆံပင် ကုတ်ထောက်ပုံလေးပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
ဆံပင်တွေရှုပ်မသွားအောင် နောက်ဘက်ကို စုစည်းထားပါ။
2.ဘီးကုပ်ပုံစံလေး စကျစ်ပါမယ်။
ရှေ့ဆံပင်အားလုံးကို ဘေးဘက်ကို အကုန်ပို့ထားပါ။
ဘေးဘက်မှ ဆံပင်အနည်းငယ်ကို ယူ၍ သုံးစခွဲထားပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ချန်ထားသောဆံပင်မှ အနည်းငယ်ကိုယူပါ။
ယူထားသောဆံပင်ကို ကျစ်ထားသောဆံပင်ထဲထည့်ပါ။
ပေါင်း၍ကျစ်သွားပါ။
3.ရှေ့ဆံပင်လေးများကို ဆွဲယူ၍ကျစ်ပါ။
ဆံပင်ကုန်သည်အထိ ရှေ့ဆံပင်လေးများကို ဆွဲကျစ်ပါ။
ကျစ်ဆံမြှီးကို နောက်အဆံပင်အတွင်းဘက်နှင့်ပေါင်းချည်လိုက်ပါ။