လူတိုင်းပြုလုပ်လို့ရအောင်လည်း ပြုလုပ်ပုံအဆင့်ဆင့်ကိုကိုလည်း အောက်မှာဖော်ပြပေးထားလို့ ၀င်ကြည့်ပေးနော်။
1.ဆံပင်ကိုလိမ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါ။
နောက်တစ်ဖက်မှလည်းဆံပင်အနည်းငယ်ကိုယူပါ။
ကျန်ဆံပင်အားလုံးကိုအနောက်တွင်စုစည်းပါ။
ကွင်းတံကိုသုံးပါ။
စည်းထားသောတစ်ဖက်တွင်ကွင်းတံကိုစိုက်ပါ။
ဆံပင်အနည်းငယ်ကိုယူပါ။
ယူလိုက်သောဆံပင်ကိုကွင်းထဲကိုထည့်ပါ။
ကွင်းတံကိုဆွဲထုတ်ပါ။
နောက်တစ်ဖက်ကိုလည်းအပေါ်တွင်ပြထားသလိုလုပ်ပါ။
ထွက်လာသောအစနှစ်စကိုပူး၍စည်းပါ။
2.ဆံပင်ကိုကျစ်ပါ။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူကာသုံးကြောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်ပါ။
နောက်တစ်ဖက်ကိုလည်းကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ဆံမြှီးနှစ်ချောင်းကိုပူး၍စည်းထားသောဆံပင်အောက်တွင်ပူး၍ချည်ပါ။
ကျန်သောဆံပင်အားလုံးကိုသုံးကြောင်းခွဲပါ။
ကျစ်ဆံမြှီးကျစ်၍ဖွပေးပါ။
အောက်ဆုံးထိကျစ်၍ဖွပေးပါ။
ကျစ်ဆံမြှီးကိုအတွင်းဘက်ကိုခေါက်တင်ပါ။
အဆုံးထိခေါက်တင်ကာကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပေးပါ။