အလွယ်တကူထုံးဖွဲ့လို့ရမည့်ဆံပင်ပုံစံလေးကို တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။
1.ဆံပင်စည်းပါမယ်။
အရှေ့ဆံပင်နှစ်ဖက်ကို ချန်ပြီးအနောက်ဆံပင်ကိုပါချန်ပါမယ်။
အနောက်မှချန်ထားသောဆံပင်ကို သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးအဆုံးထိကျစ်ပါမယ်။
အရှေ့ဘေးမှချန်ထားသောဆံပင်ကို အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
အရှေ့မှကျန်နေသောဆံပင်အားလုံးကို ယူပါမယ်။
ယူထားသောဆံပင်ကို ခွေပါမယ်။
ခွေထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါမယ်။
ကျန်တစ်ဖက်ကိုလည်းခွေပြီးကလစ်ဖြင့်ထိုးပါမယ်။
ဆက်လက်လုပ်ဆောင်ပါမယ်။
အောက်မှကျစ်ထားသောဆံပင်ကို ခွေပါမယ်။
အဆုံးထိခွေပြီး ကလစ်ဖြင့်ထိုးပါမယ်။
Fancy ဖြင့်အလှဆင်ပါမယ်။