ရုံးသွားကျောင်းတက်စည်းနိုင်တဲ့ ကျစ်ဆံမြှီးကျစ်နည်းကို Alice က တစ်ဆင့်ခြင်းဆီ တင်ပြပေးမှ ဖြစ်ပါတယ်။
1.ဆံပင်စစည်းပါမယ်။
အရှေ့ဆံပင်အနည်းငယ်ကိုယူပြီးစည်းပါမယ်။
ဘေးမှ ဆံပင်အနည်းငယ်ကိုယူပြီးခွဲပေးပါ။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်း ခွဲပေးရပါမယ်။
အပေါ်စည်းထားသောဆံပင်ကို သုံးချောင်းခွဲပါမယ်။
သုံးချောင်းခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပေးရပါမယ်။
အောက်မှကျန်သော ဆံပင်ကို အနည်းငယ်စီယူပြီး ကျစ်ပေးရပါမယ်။
အဆုံးထိမကျစ်ပဲ ဆံပင်တစ်ဝက်လောက်ထိ ကျစ်ပေးရပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
အရှေ့မှအနည်းငယ်စည်းထားသောဆံပင်ကို နှစ်ချောင်းခွဲပေးရပါမယ်။
နှစ်ချောင်းခွဲထားသော ဆံပင်ကိုယူ၍ သုံးချောင်းခွဲပေးရပါမယ်။
အနည်းငယ်ကျစ်ပေးပြီး အောက်မှကျန်နေသောဆံပင်ကိုယူ၍ ဆက်ကျစ်ရပါမယ်။
ထိုနည်းအတိုင်းဆက်၍ ကျစ်ပေးပါ။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းကျစ်ပေးပြီး ကျစ်ထားပြီးသောကျစ်ဆံမြှီး သုံးချောင်းကိုပူး၍ စည်းပေးရပါမည်။