သင်ယူလေ့လာနေသူတွေအတွက် အဆင့်ဆင့်လေး ဖော်ပြထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1.ညာဘက်ခြမ်းကို ငါးရိုးအကပ်ကျစ်သွားပါ။
ဆံပင်ကို နားနောက်မှ နှစ်ပိုင်းခွဲပါ။
နောက်ဘက်မှ ဆံပင်ကို စုစည်းပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ယူပါ။
နှစ်စခွဲပြီး ယှက်လိုက်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
နောက်ဖက်ခြမ်းသို့ ပို့ပေးပါ။
နောက်ဘက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ရှေ့ဘက်ခြမ်းသို့ ပို့ပေးပါ။
2.နောက်တစ်ဖက်ကိုလည်းဆက်ကျစ်ပါ။
ဆံပင်အဖျားထိ ဆက်ကျစ်သွားပါ။
သားရေကွင်းစည်းထားသော ဆံပင်ပေါ်အုပ်၍ကလစ်ထိုးပါ။
တစ်ဖက်ဆံပင်ကိုလည်း ဆက်ကျစ်သွားပါ။
သားရေကွင်းစည်းထားသော ဆံပင်ပေါ်အုပ်၍ကလစ်ထိုးပါ။
3.စည်းထားသောဆံပင်ကို ထပ်ကျစ်သွားပါ။
ပိုနေသော ဘေးအစလေးတွေကို ယူပါ။
ယှက်လိုက်ပါ။
နောက်ထပ် ဘေးဘက်မှ အစကို ထပ်ယူပါ။
တစ်ခြားဘက်ကို ပို့ပါ။
နောက်ထပ် ဘေးဘက်မှ အစကို ထပ်ယူပါ။
တစ်ခြားဘက်ကို ပို့ပါ။
4.ငါးရိုးကျစ်ဆံမြှီး ကျစ်ပြီးအခွေ ဆံထုံးလုပ်ပါ။
ဆံပင်အဖျားထိ ဆက်ကျစ်သွားပါ။
ကျစ်ဆံမြှီးကို ဆံပင်အရင်းတွင် ကပ်၍ကလစ်ထိုးပါ။
ဆန့်ကျင်ဘက်တွင် ခွေ၍ကလစ်ထိုးပါ။
အလှဆင်ပါ။