ကျစ်ဆံမြှီးအခွေကျစ်နည်းကို တစ်ဆင့်ခြင်းဆီ Alice က တင်ပြပေးမှာပါ။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကို ယူပြီးစည်းပေးပါ။
အနောက်မှကျန်နေသော ဆံပင်များကိုနှစ်ဖက်ခွဲပေးပါ။
အပေါ်မှစည်းထားသော ဆံပင်ကို နှစ်ခုခွဲပေးပါ။
ခွဲထားသောဆံပင်နှစ်ခုထဲမှ တစ်ခုကိုသုံးချောင်းခွဲပေးပါ။
ဆံပင်ကိုအနည်းငယ်ကျစ်ပေးပါ။
ဘေးမှဆံပင်အနည်းငယ်ယူပြီး ကျစ်ပေးပါ။
ကျန်သောဆံပင်များကို အနည်းငယ်ဆီယူပြီး ကျစ်ပေးရပါမယ်။
အောက်ထိ ဆက်ကျစ်ပေးပါ။
အဆုံးထိကျစ်ဆံမြှီးကျစ်ပေးပါ။
2.ဆံပင်ကိုခွေပါမယ်။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်း အဆုံးထိကျစ်ပေးရပါမယ်။
ကျစ်ပြီးသားဆံပင်များကို ခွေပေးပါ။
အဆုံးထိခွေတင်ပေးပါ။
ကလစ်ဖြင့် ထိုးပေးပါ။
ကျန်တစ်ဖက်ကိုလည်း ရှေ့နည်းအတိုင်းခွေပြီး ကလစ်ဖြင့်သေချာထိုးပေးပါ။
Fancy ဖြင့် အလှဆင်ပါမယ်။